Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁။ အိိမ်ထောင်လုံးနံနက်သီချင်း

2021.07.30 05:51

 ( ဆာ၊ ၁၀၇:၄၁-၄၃ )

၁ လာကြလော့၊ အိမ်သူအိမ်သားများ၊

   ကျေးဇူးတော်အောက်မေ့ကြစို့။

   အနန္တမဟာကရုဏာ၊

   စုရုံးလျက်သီချင်းသံချို။

         (ဤနံနက်ခါ၊)၂

   ပြိုင်လျက်သီဆိုကြကုန်စို့။

     

၂ ကောင်းကင်နှင့် မြေကြီးအရာကို

    ဖန်ဆင်းသော ဘုရားရှင်၊

    ကျွန်တို့ ဆင်းရဲသောနေရာသို့၊

    ကြွလာပါမည်လော၊ သခင်။

         (အို...ကျေးဇူးရှင်၊)၂

    ကြွလာတော်မူပါ၊ သခင်။


၃ ရှေးကာလ၌ မိုက်ခြင်းဖြင့်၊

    ဖုံးလွှမ်းလျက်နေကြပါပြီ။

    ရှေးကာလ မကြားမသိ၊

       (ထိုကယ်တင်ခြင်း)၂

    ဝမ်းမြောက်ဖွယ်သတင်းဖြစ်၏။


၄ ယေရှု၏ အသွေးတော်အားဖြင့်၊

    တို့အပြစ်များကိုဖြေရှင်း၊

    အားနည်းသောသူကို ကယ်မခြင်း၊

    ပေးသနား၊ အိုကျေးဇူးရှင်

         (ကောင်းကင်ဘုံ၌)၂

     စုဝေးခြင်းပေးပါ၊ အာမင်။