Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂။ နံနက်အာရုဏ်တက်ကျူး

2021.07.30 05:52

   ( ဖိ၊ ၂:၉-၁၁ )

၁ နံနက်အရုဏ်တက်သော်၊

   စိတ်တွင်ရွှင်လန်းကြွေးကြော်၊

   ယေရှုကိုချီးမွမ်းစေ။

   လုပ်ကိုင်ဆုတောင်းစဉ်ခါ။

    ထံတော်သို့ ချည်းကပ်လာ၊

    ယေရှုကိုချီးမွမ်းစေ။


၂ ယေရှုကိုချီးမွမ်းစေ၊

    စိတ်တွင်းမှကျူးအေးလျှင်

    ညဉ့်သည်နေလိုလင်းပေ၊

    ယေရှုကိုချီးမွမ်းစေ၊

    ချိသံသာကိုကြားလျှင်၊

    မှောင်မိုက်တန်ခိုးလွင့်ပေ။


၃ ယေရှုကိုချီးမွမ်းစေ၊

   ကောင်းကင်ရွေပြည်တွင်လေ

   ဤသံသာဆုံးဖြစ်ပေ။

   မိုးမြေပင်လယ်များသည်

   ထက်အောက်ပဲ့တင်ထပ်ပေ။

   ယေရှုကိုချီးမွမ်းစေ။

  

၄ ယေရှုကိုချီးမွမ်းစေ၊

   ဤထောမနာဆိုရာ

   အသက်ရှင်နေစဉ်ခါ

   ယေရှုကိုချီးမွမ်းစေ၊

   ဤထာဝရသီချင်း

   အေးကျူးကာလအစဉ်။