Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၄။ နံနက်သီချင်း

2021.07.30 05:52

 ( ဆာ၊ ၅၇း၈ )

၁ နိုးလော့၊ အိုးငါ့နာမ်ဝိညာဉ်၊

 ကျေးဇူးကျူးဆိုလော့သီချင်း။

 သင့်အသက်အုပ်စိုးရှင်သည်၊

 ညလုံးစောင့်ထိန်းတော်မူ၏။

  

၂ ကြည့်ရူစွမ်းအားကြီးသောနေ့၊

    ဘုန်းတန်ခိုးတော်ထင်ရှားစေ၊

    လှည့်ပတ်လျက်၊ နေ့ရက်အစဉ်

    ဝတ်ပြုသည်၊ အမိန့်တော်ကျင့်။


၃ သံချိုငှက်အမျိုးလုံးစုံ

    ဝမ်းမြောက် လျက်နဲ့ကျူးရင့်ကုန်။

    ဖန်ဆင်းသောအရှင်၊ ဘုန်းတော်ကို၊

    မြေသားမျိုးတို့ချီးမွမ်းဆို။


၄ ထိုသာယာစွာသီချင်းနဲ့၊

    ငါ့သံလည်းညီညာမြည်သင့်

    နားထောင်ကြားဖွယ်ထောမနာ

    ပြုနိုင်အောင်မစဘုရား။

        

  ၅ ကျွန်ပ်ကို အသက်ထက်ဆုံး 

      စောင့်ထိန်တော်မူ၊ လူ့ဘုံ

      သေမင်းလှံယဉ် ထိုးသောအခါ

      အပေါ်သို့ချီကြွဆောင်ယူပါ။


၆ နေလရောင်အလိုမရှိ၊

    ညဉ့်အရိပ်မကျသောပြည်။

    ချမ်းသာစံလျက်၊ စိတ်မွေ့လျော်၊

    ဂုဏ်တော်ချီးမွမ်းကျူးစေသော။