Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၅။ ညဦးအချိန်ကျူး

2021.07.30 05:53

 ( လု၊ ၂၄း၂၉ )

၁ ညဦးအချိန်ရှိပြီ၊ မိုးလည်းချုပ်သည်။

 ကိုယ်တော်အပြင် မစနိုင်သူမရှိ။

 အကျိူးနည်းသူကို ထောက်ပင့်အံ့သောငှာ၊

 အကျွန်ုပ်နှင့် ဝင်၍နေပါဘုရား။


၂ အဆုံးတိုင်အောင်၊ အသက်တာဆုတ်လျော့သည်။

    မြေကြီးစံစားရာမွဲ၊ ဘုန်းလည်းကွယ်၏။

     ဤလောက၌ အနိစ္စသာထင်ရှား။

     အမြဲတည်ရှင်၊ ကြွလာနေတော်မူပါ။


၃ ဒဏ်ပေးပိုင်မင်းကြီးအာဏာနှင့်မဟုတ်၊

    ကရုဏာတော်ဖြင့် ဒုက္ခမှရွေးနုတ်။

    သက်သာစေသာ အတောင်တော်နဲ့တကွ၊

    ကြွလာ၊ အကျွန်ုပ်ထံနေတာ်မူပါ။

    

၄ အစဉ်ကိုယ်တော်ကိုဖူးတွေ့လိုပါ၏။

   မာန်နတ်တန်ခိုး ဘယ်သူချိုးနိုင်သနည်း။

   ကိုယ်တော်မြတ်သာလျင် တက်နိုင်တော်မူရာ။

   သြ၊ ကျေးဇူးရှင်၊ နေမြဲနေတော်မူပါ။


၅ ကောင်းကျိူးပေးရန်၊ အနားမှာနေမူလျင်

   ဘေးများအတွက်၊ မစိုးရိမ်ပါ၊ အရှင်

   သေမင်းလက်နက် အဘယ်မှာရှိသနည်း၊

   တန်ခိုးတော်အားဖြင့် ကျွန်ုပ်အောင်လိမ့်မည်။


၆ လက်ဝါးကပ်တိုင်တော်လင်း ကျေးဇူးအားဖြင့်၊

    စုတေ့သော်၊ မျက်စိမူန် ကိုယ်တော်ဖျောက်လွင့်။

    ရွှေကောင်းကင်အရုဏ်တက်၊ မြေကြီးကွယ်သွား

    ကျွန်ုပ်အပါး နေတော်မူပါဘုရား။