Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၇။ တရားနေမင်းကျူး

2021.07.30 05:53

 ( လု၊ ၂၄း၂၉ )

၁ ဖြောင့်မတ်ခြင်း၏တရားနေမင်း၊

 ကိုယ်တော်ရှေ့၌ ညဉ့်နက်ပျောက်လွင့်။

 ရွှေမျက်နှာတော် မကွယ်စိမ့်ငှာ၊

 မိုးတိမ်ရီမှောင်ဖျောက်တော်မူပါ။


၂ ကိုယ်တော်၏ကျွန် ပင်ပန်းသဖြင့်၊

 မျက်လွှာလေးလံ၍ အိပ်ပျော်လျှင်၊

 ကယ်တင်ပိုင်ရှင် ရင်ခွင်တော်မှာ၊

 အမောပြေသော် မြတ်မဂ်လာ။


၃ ကိုယ်တော်မြတ်ရှိတော်မူမှသာ

 ကျွန်ုပ်နေဝံ့၊ သေဝံ့နိုင်ပါ။

 ကျွန်ုပ်အနား၊ ကိုယ်တော်ကိန်းဝပ်

 ကြွတော်မူပါ နေ့ညမပြတ်။


၄ အကြင်သူသည် ယနေ့တွင်ပင် 

 သမ္မာတရားကိုငြင်းပယ်လျှင်။

 ထိုသူနောက်နောင်မမှားစိမ့်ငှာ၊

 လမ်းလွဲရာမှ ကယ်ချွတ်မူပါ။


၅ မမာမကျန်း၊ ဆင်းရဲသူတို့

 ဤညဉ့်မြည်တမ်းသောသူတို့ကို၊

 ဘဏ္ဍာတော်တိုက်ကို ဖွင့်သဖြင့်

 နှစ်သိမ့်စေတော်မူပါ၊ အရှင်။


၆ နံနက်ကျွန်ုပ်တို့ နိုးကြလျှင်၊

 အသီးအသီးလုပ်ကိုင်သည်တွင်၊

 လမ်းဆုံးမှာလည်း ရွှေကောင်းကင်မှာ

 ကောင်းကျိူးကိုပေးတော်မူပါဘုရား။