Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၈။ ကိုယ်တော်အပါးချဉ်းကပ်ကျူး

2021.07.30 05:54

 ( လု၊ ၉း၁၁ )

၁ ညနေချမ်းနေဝင်ချိန်အခါ၊

 ကိုယ်တော်ပတ်လည်သူနာအများ၊

 ဝိုင်းဝန်းတိုးဝှေ့ ဆည်းကပ်ကြရာ၊

 ရောဂါကင်းလျက်သွားကြရပါ။


၂ ကျွန်ုပ်တို့သည် ထိုသို့ပမာ။

 ရောဂါအမျိုးမျိုးနှင့်ကပ်လာ၊

 ကိုယ်တော်ကို မျက်မှောက်မရှုသာ၊

 သို့သော်ကိုယ်တော်ရှိကြောင်းသိရ။


၃ ကိုယ်တော်မေတ္တာတွေ့ကြသောအခါ၊

 မေ့လျော့ကြပြီအနာရောဂါ၊

 အို၊ ကယ်တင်ရှင်ကျွန်ုပ်တို့မှ၊

 ဆင်းရဲဒုက္ခကယ်ရှင်းမူပါ။


၄ ကိုယ်တော်လက်တော်နှင့်တို့မူပါ။

 ကိုယ်တော်အသံတော် လွန်သာယာ။

 ဤညနေချမ်းနေဝင်ချိန်ခါ၊

 ကယ်မချမ်းသာ ပေးတော်မူပါ။