Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၉။ နေမဝင်မီဆုတောင်း

2021.07.30 05:54

 ( ဆာ၊ ၅၁ )

၁ နေရောင်မကွယ်မလွန်မီခင်

 လောကရှုပ်ထွေးခြင်းမှ

 ခဏမျှသာအချိန်ယူကာ၊

 ကိုယ်တော်ထံတိုးဝင်ချင်။


၂ နှစ်ကိုယ်တည်းသာ တွေ့ကြုံနိုင်ရာ၊

 ဆိတ်ငြိမ်သောငှာနတွင်။

 နောင်တမျက်ရည်များစီးယိုကာ၊

 ကတိတော်တောင်းလျှာက်ချင်။


၃ လွန်ပြီးကောင်းချီးများရေတွက်ကာ၊

 ရှေ့၌လည်းထိုနည်းပင်။

 စုံစမ်းနှောင့်ယှက် တွေ့ကြုံရလျှင်၊

 ခွန်အားသာတိုးစေပါ။


၄ သာ၍မြတ်သော ကောင်းကင်ချမ်းသာ၊

 ယုံခြင်းဖြင့်ရနိုင်ပါ။

 လောကသက်တာ ကုန်ဆုံးခဲ့လျင်၊

 ကူးမြောက်စေပါအရှင်။