Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၂။ ညဦးယံဆုတောင်းကျူး

2021.07.30 05:55

 ( ဆာ၊ ၆၄း၅ )

၁ ယခုနေရောင်ကွယ်လွန်ပြီ၊

 ကယ်တင်ရှင်ကို ဆုတောင်း၏။

 စောင့်ထိန်းကြည့်ရှုမစ၍

 ငြိမ်သက်စွာအိပ်ခွင့်ပေးပါ။


၂ ယနေပြုမိအပြစ်များ

 ကယ်တင်ရှင်ဖြေလွတ်မူပါ။

 ကျွန်ုပ်အားမစမူ၍

 ကိုယ်တော်နှင့်သာတူပါစေ။


၃ မိဘမိတ်ဆွေ ချစ်သူများ

 ကိုယ်တော်နှင့်သာ နီးစေပါ။

 သာယာထက်ကောင်းကင်အိမ်သို့

 တူတကွပို့ဆောင်မူပါ။


၄ ကျွန်ုပ်ခံရသောကောင်းကြီးများ

 ကိုယ်တော်ထံကသက်ရောက်ရာ၊

 ကျွန်ုပ်အသက်ရှင်စေလိုငှာ

 အသေခံတော်မူရရှာ။  


၅ ညဦးယံ ချီးမွမ်းခြင်းများ

 ကျွန်ုပ်ပြုပါပြီဘုရား။

 စဉ်းစားသော် ကိုယ်တော်ရှင်သည်

 အိုဘယ်လောက်ကောင်းမြတ်သနည်း။