Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၃။ ချီးမွမ်းခြင်းကျူး

2021.07.30 05:55

 ( ဆာ၊ ၆၈း၃၁-၃၂ )

၁ ကောင်းကင်ဘုံရှင် ဘုရင်မြတ်အား၊

 ချီးမွမ်းကျူးရန် ချည်းကပ်ကြ။

 ပြစ်လွတ်၊ ရွေးနုတ်ကယ်တင်ရှင်အား၊

 သံပြိုင်အေးကျူး ချီးမွမ်းကြစေ။ 

       ( ချီးမွမ်း၊ ချီးမွမ်း )၂

 ဘုရားရှင်အားချီးမွမ်းကြ။


၂ အနန္တမဟာကရုဏာ

 ဒုက္ခစိတ်တွင်ကိန်းဝပ်ခါ၊

 ကောင်းချီးလျင်မြန်ပေးသောအရှင်အား

 စဉ်မပြတ်ချီးမွမ်းကုန်ပါ

       ( ချီးမွမ်း၊ ချီးမွမ်း )၂

 ဘုန်းတော်မြတ်ကိုချီးမွမ်းကြ။


၃ ကောင်းကင်သားတို့ ကိုးကွယ်သည်နည်း၊

 ကျွန်ုပ်တို့လည်းဝတ်ပြုမည်။

 ဝေနေယျသတ္တဝါပေါင်းတို့၊

 ဒူးထောက်လျက် ဉီးညွတ်ကြစို့။

       ( ချီးမွမ်း၊ ချီးမွမ်း )၂

 ကျေးဇူးတော်ကိုချီးမွမ်းဆို။