Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၄။ ထောမနာကျူး

2021.07.30 05:56

 ( ဆာ၊ ၆၆း၁-၉ )

၁ ဘုရားမူဆောင် ကောင်းကင်ဘုံသား၊

 ဘုရားအရှင်မြတ်ကို၊

 သာယာသံနှင့် ချီးမွမ်းမြှောက်စား၊

 ထူးမြတ်ဂုဏ်တော်မြွတ်ဆို။


၂ ကောင်းကင်ပြင်ဝယ်၊ ထွန်းတောက်သောနေ့

 ညဉ့်လည်းသာယာသောလ၊

 တာရာနက္ခတ်၊ ကြယ်ပေါင်းတို့လေ၊

 ဘုရားချီးမွမ်းထွန်းပ။


၃ ကောင်ကြီး၊ ကောင်ငယ်၊ တွားတက်သောပိုး၊

 ကောင်းကင်ကျင်လည်သောငှက်၊

 သားရဲ၊ သားယဉ်၊ ခပ်သိမ်းသောမျိုး၊

 ဂုဏ်တော်ချီးမွမ်းဆက်ဆက်။


၄ မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းဝ၊ ချောင်းဖျား၊

 နေသောငါးမျိုးလုံးစုံ၊

 ရပ်ခေါင်း၊ မြို့အုပ်၊ ဝန်ကြီး၊ မင်းသား၊

 ဘုရားချီးမွမ်းကြကုန်။


၅ အပျိုကညာ၊ သက်ငယ်လုံမ၊

 လူပျို၊ နို့စို့၊ ငယ်သား

 ဘိုးကြီး၊ ဘွားကြီး၊ ခေါင်းဖြူ၊ အိုလှ၊

 ဘုရားချီးမွမ်းကုန်ပါ။


၆ ဝေနေပုဂ္ဂိုလ်ရှိရှိသမျှ၊

 အသက်ရှူသောခန္ဓာ၊

 အယုတ်၊ အမြတ်၊ အမျိုးစစ၊

 ဘုရားချီးမွမ်းကုန်ပါ။