Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၅။ ချီးမွမ်းကျူး

2021.07.30 05:56

 ( ဆာ၊ ၁၁၇ )

၁ ကျေးဇူးတော်အမျိုးခပ်သိမ်း၊

 ပေးသနားပိုင်သောသခင်၊

 ကျေးဇူးကိုမြေသားခပ်သိမ်း၊

 ထောမနာပြုကြအစဉ်။


၂ ဘုန်းတန်ခိုးတော် တိုင်းမသိ၊

 မကြံမီမြတ်သောဘုရား၊

 ကောင်းကင်သားခပ်သိမ်းရှိရှိ၊

 ထောမနာပြုကြကုန်ပါ။


၃ မြတ်ခမည်း၊ သားတော်၊ ဝိညာဉ်၊

 ပေါင်းဖက်သောတစ်ဆူဘုရား၊

 လူခပ်သိမ်းအပေါင်းတို့လျှင်၊

 ထောမနာပြုကြကုန်ပါ။