Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၇။ သိမှတ်ဝင်ကျူး

2021.07.30 06:46

 ( ဆာ၊ ၁၁၀ )

၁ မြေသားအပေါင်း၊ ဘုရားမြတ်အား။

 ရွှင်လန်းစွာ ကြွေးကြော်ကြကုန်ပါ။

 ကိုယ်တော်မြတ်၏အမူတော်ကို၊

 ( ဝမ်းသာစွာဆောင်လျက်သီချင်းဆို )၂


၂ မြတ်ထာဝရဘုရားရှင်မြတ်သာ၊

 ကျွန်ုပ်တို့၏ ဘုရားရှင်ပါ။

 ဖြစ်တော်မူမှန်းကို သိမှတ်စဉ်၊

 ( သီချင်းဆိုလျက် ထံတော်သို့ဝင် )၂


၃ ထိုအရှင်ကား ကြှနျုပျတို့ကို၊

 ဖန်ဆင်း၍ ကျေးဇူးပြုတော်မူ။

 ကျွန်ုပ်တို့၏ အရှင်မြတ်အား၊

 ( ဝမ်းမြောက်စွာ သီချင်းဆိုကုန်ပါ )၂


၄ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်လူ၊

 ဖြစ်လျက်တံတော်တွင်၊ ရွှင်စွာစု။

 ဘုရားမြတ်ကို ဗိမာန်တော်မှာ၊

 ( တညီတညွတ်ချီးမွမ်းကုန်ပါ )၂