Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၈။ ဂုဏ်တော်ချီးမွမ်းကျူး

2021.07.30 06:47

 ( ဆာ၊ ၅၉ )

၁ ဝမ်းမြောက်လှစွာ၊ ချီးမွမ်းပါသည်။

 ဘုန်းကြီးဘုရားမေတ္တာရှင်

 ပန်းတို့နေတွင် ပွင့်လင်းအလား၊

 စိတ်ဝိညာဉ်များ ဖွင့်လျက်ထား၊

 ယုံမှားခြင်းနှင့် ဝမ်းနည်းပြစ်များ၊

 ပယ်ရှင်းတော်မူပါ အဘ၊

 ဝမ်းမြောက်ခြင်း စဉ်မြဲပေးအရှင်

 ကျွန်ုပ်စိတ်တွင် လင်းစေပါ။


၂ ကောင်းကင်မြေကြီးထွန်းပလျက်နေ၊

 ကိုယ်တော်လက်ချက် ဖော်ပြလေ၊

 ကောင်းကင်သားများနှင့်ကြယ်များတို့၊

 ကိုယ်တော်ပတ်လည်ချီးကျူးကြ။ 

 လယ်နှင့်သစ်တော်၊ တောင်နှင့်ချိုင့်ဝှမ်း၊

 မြက်ခင်း၊ ပန်းမန်နှင့်ပင်လယ်၊

 စီးသောစမ်းရေ၊ သီဆိုငှက်များ၊

 ချီးမွမ်းရန်နှိုးဆော်လျက်နေ။


၃ ကိုယ်တော်သည်အမြဲအပြစ်လွတ်၊

 စဉ်မြဲကောင်းကြီးပေးလျက်နေ၊

 ပျော်ရွင်သက်တာ ကိုယ်တော်မှလာ၊

 ငြိမ်သက်ခြင်းပေးသောဘုရား။

 မေတ္တာခိုလှုံသူများအားလုံး၊

 ကိုယ်တော်ရှင်အဘပိုင်ပေ။

 ကျွန်ုပ်တို့ချင်း၊ ချစ်ရန်သင်ပေး၊

 ဝမ်းမြောက်ခြင်းကိုတွေ့စေပါ။


၄ နံနက်ယံကြယ်များကြူးရာတွင်

 လူသားများလည်းတူပါဝင်၊

 အဘမေတ္တာ ကျွန်တို့လွှမ်းမိုး၊

 လူတို့အပေါ်၊ မေတ္တာအုပ်စိုး၊

 တိုက်ခိုက်ခြင်းဝယ် အောင်မြင်သူတို့၊

 စဉ်မြဲကျူးလျက် ရှေ့ချီတက်။

 သက်တာ၏အောင်မြင်သီချင်းသံ

 ဝမ်းမြောက်စွာ၊ ထက်သို့ယူဆောင်။