Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၁၉။ ၁၄၈ခုမြောက်ဆာလံ

2021.07.30 06:48

 ( ဆာ၊၁၄၈ )

၁ မဆုံးသုခနိုင်ငံ

 ဘုရားကိုချီးပင့်ကြ။

 သီချင်းသံနှင့်ချီးမွမ်း၊

 ကောင်းကင်ကြယ်တို့ထက်က

 ( ဟစ်ကြော်ကြလေ၊ အိုခေရုဗ်မ်၊ )

 အိုသရဖိမ်၊ ချီးမွမ်ကုန်လေ။


၂ ညဉ့်၌ သာယာသောလ၊

 နေ့၌ထွန်းလင်းသောနေ၊

 တောက်ပသောနက္ခတ်များ၊

 ကိုယ်တော်ကိုချီးမွမ်းလေ၊

 ( ချီးမွမ်းကြကုန်၊ ကောင်းကင်ထပ်ထပ် )၂

 လေမိုးရဟပ်၊ ထက်ရေလုံးစုံ။


၃ ကိုယ်တော်လူစုစွမ်းအား

 ထူးလျှင်ချီးမြှောက်တော်မူ။

 အထံတော်၌နေကြ

 ရွေးဣသရေလလူ။

 ( အိုဟစ်ကြော်လေ၊ ကျေးဇူးတင်ခြင်း )၂

 ရွင်လန်းခြင်းနှင့်ချီးမွမ်းကုန်လေ။


၄ ခမည်းတော်၊ သားတော်နှင့်

 သန့်ရှင်းသောဝိညာဉ်တော်။

 သုံးပါးတစ်ဆူသခင်၊

 ပျပ်ဝပ်ရှိခိုးကြလော့။

 ( နောက်နောင်မစဲ၊ ခုမှစ၍၊ )

 ရှေ့ကကဲ့သို့ချီးမွမ်းစေမြဲ။