Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၀။ ထောမနာသီချင်း

2021.07.30 06:49

 ( ဆာ၊ ၁၀၃ )

၁ ဧကသခင်၊ဘုရားမြတ်ကို

 အစဉ်ချီးမွမ်းခြင်းပြုကြလော့။

 သန့်ရှင်းသော နာမတော်မြတ်ကို

 အစဉ်ချီးမွမ်းခြင်းပြုကြလော့၊


၂ ကျေးဇူးတော်မြတ်အပေါင်းတို့ကို၊

 အစဉ်အောက်မေ့၊ ချီးမွမ်းကြလော့၊

 အပြစ်ဖြေခြင်းအမူတော်ကို၊

 ချီးမွမ်းထောမနာ ပြုကြလော့။


၃ ရောဂါကင်းစေ တန်ခိုးတော်ကို၊

 အစဉ်အောက်မေ့၊ ချီးမွမ်းကြလော့၊

 ပျက်စီးခြင်းမှ ရွေးခြင်းမူကို၊

 ချီးမွမ်းထောမနာ ပြုကြလော့။


၅ စိတ်အေးချမ်းသာခြင်းများအတွက်

 အစဉ်ချီးမွမ်းခြင်းပြုကြလော့။

 ဧကသခင်၊ ဘုရားမြတ်ကို၊

 ချီးမွမ်းထောမနာ ပြုကြလော့။ အာမင်။