Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၁။ ချီးမွမ်းခြင်းကျူး

2021.07.30 06:50

 ( ဆာ၊ ၁၀၇း၂၁-၂၂ )

၁ မိုးအောက်တွင်နေ လူမျိုးအပေါင်း၊

 ဘုရားမြတ်ကိုချီးမွမ်းကြကုန်။

 ဘာသာစကားမျိုးမျိုးတွင်ပေ။

 ဝမ်းမြောက်စွာ သီချင်းဆိုပါစေ။


၂ ကရုဏာတော် အစဉ်တည်၏၊

 ကတိတော်များ မြဲအံ့သတည်း။

 ချီးမွမ်းခြင်းသံ၊ မြေကြီးပြင်လုံး၊

 လွင့်သွားပါစေ၊ ကမ္ဘာထက်ဆုံး။


၃ မှန်သောဘုရား ကိုးကွယ်သူများ၊

 ရွှင်လန်းစွာ သီချင်းဆိုကုန်ပါ။

 ဝမ်းနည်း၊ စိတ်ပူပန်ခြင်းပယ်ရှောင်၊

 ကရုဏာတော် ချီးမွမ်းကြကုန်။


၄ ဤလောကတွင် ဒုက္ခခံစဉ်၊

 ကောင်းကင်ချမ်းသားမြတ်ကိုမျော်လင့်။

 ဘုရားကျေးဇူးအောက်မေ့ခိုလှုံ၊

 သီချင်းဆိုလျက်ဝမ်းမြောက်ကြကုန်။