Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၂။ ဘုန်းတော်ချီးကျူး

2021.07.30 06:51

 ( ဆာ၊ ၁၄၅ )

၁ မြေကြီးပေါ်တွင်လူမျိုးအပေါင်း၊

 ဘုရားသခင်ကိုချီးမွမ်းကုန်၊

 ရိုသေကြောက်ရွံ၊ ချစ်ခင်မြတ်နိုး၊

 ဘုန်းတော်မြတ်ကို သီချင်းမြွတ်ဆို။


၂ ကိုယ်တော်သာလျှင် ဘုရားမှန်၏။

 လူမျိုးခပ်သိမ်းကို ဖန်ဆင်းပြီ။

 သိုးစုတော်ဖို့ ကျွန်ုပ်တို့ကို၊

 ရွေးချယ်စောင့်ထိန်း၍ ချစ်ကြည်ညို။


၃ ထို့ကြောင့် သန့်ရှင်းဗိမာန်တော်သို့၊

 ရွင်လန်းစိတ်ရှိ၊ စည်းဝေးကြစို့။

 နာမတော်မြတ်ကို ထောမနာ၊

 ကျေးဇူးတော်ကို သီချင်းဆိုကြ။


၄ မေတ္တာတော်သည် အတုမရှိ၊

 ကရုဏာတော်အစဉ်တည်၏။

 သစွာတော်သည် တည်မြဲခဲ့ပြီ၊

 ကမ္ဘာအဆက်ဆက် မြဲအံ့သတည်း။