Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၃။ ကိုယ်တော်ကိုချီးမွမ်းကြလော့ကျူး

2021.07.30 06:51

 ( ဆာ၊ ၁၄၆း၂ )

၁ ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်

 လူအပေါင်းတို့ မေတ္တာတော်ကိုကြွေးကြော်၊

 ဘုန်းအာနုဘော် ကိုယ်တော်၌ရှိစေသတည်းဟု၊

 ကောင်းကင်တမန်မင်းများတို့၊ ပြောကြားလော့

 သိုးထိန်းကဲ့သို့ ယေရှုသည်သူငယ်များကို၊

 တစ်နေ့လုံး လက်တော်နှင့်ပွေ လျက်ဆောင်၏။

 ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ

 ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။


၂ ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်

 ကိုယ်တော်မြတ်သည်၊ လက်ဝါးကပ်တိုင်ပေါ်မှာ၊

 ကျွန်ုပ်တို့ အပြစ်များကြောင့် ခံထိုက်သောဒဏ်ပင်၊

 ခံတော်မူပြီ၊ အမှန်ကယ်တော်မူ၏။

 ကျွန်ုပ်တို့၏ဝမ်းနည်းခြင်း၊ ဆောင်တော်မူပြီ

 မေတ္တာတော်ကို ချီးမွမ်း၍မကုန်ပါ။

 ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ

 ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။


၃ ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်

 ကောင်းကင်ဘုံမှာ၊ နာမတော်ချီးမွမ်းကြ။

 သခင်ယေရှုစဉ်မပြတ် အုပ်စိုးတော်မူမည်။

 သရဖူကိုခေါင်းတော်ပေါ်မှာဆောင်း၏။

 ကိုယ်တော်ကြွလာ၊ ရန်သူတို့ကိုအောင်ခြင်းငှာ

 ဘုန်းတန်ခိုး ကိုယ်တော်၌ရှိစေသတည်း။

 ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ

 ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။