Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၄။ ထောမနာကျူး

2021.07.31 02:17

၁ မြတ်စွာဘုရားရှင်စော၊

 အတုမရှိမပေါ်၊

 ချီးမွမ်းကုန်လော့

 ကိုယ်တော်ဘုရားမှန်လေ၊

 ကိုးကွယ်ကိုးစားရာပေ။

 လူပေါင်းမဆိုင်းမနှေး၊

 ဝန်ခံပါစေ။


၂ ယေရှုမျက်နှာတော်မှာ

 ဘုန်းတော်ရောင်ခြည်ထွန်းရာ၊

 မဟာမေတ္တာ။

 ထိုမြတ်လှသောအလင်း၊

 သိစေသောဉာဏ်အလျင်

 မြေကြီးအစွန်းတိုင်လျှင်

 လွှတ်ပါအရှင်။


၃ ပြစ်ရှိသူသတ္တဝါ။

 ချွတ်တော်မူခြင်းမေတ္တာ

 ဝန်ခံကုန်ကြ။

 နာမတော်အားရိုသေ

 လေးမြတ်ဖွယ်ရာဖြစ်စေ၊

 ကိုယ်တော်ဘုရားမှန်ပေ၊

 ချီးမွမ်းကုန်လေ။