Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၅။ ဘုန်းတော်ခိုလှုံကျူး

2021.07.31 02:18

 ( ဆာ၊ ၂၉ )

၁ ဘုန်းတော်ရှင်ဘုရင်၊ ကိုးကွယ်ဝတ်ပြုကြ၊

 တန်ခိုးတော်ချစ်ခြင်း၊ ချီးမွမ်းလျက်သီကြ။

 ကွယ်ကာလျက် စောင့်မသောအရှင်ဖြစ်ပေ၏။

 ဘုန်းတော်နှင့်ပြည့်စုံလျက် ချီးမြှောက်ခံထိုက်၏။


၂ ကောင်းကင်ဘုံအလင်းပြည့်စုံသောဘုရား၊

 အာနုဘော်တော်ကို ကြေငြာလျက်သီကြ၊

 မိုးကြိုးသံနှင့်တူသော အမျက်တော်ထွက်သည်။

 စီရင်တော်မူချက်သည် နက်နဲလှပေ၏။


၃ အံသြဖွယ်ရာများပြည့်ဝသောမြေကြီး၊

 အနန္တတန်ခိုး၊ ဖန်ဆင်းတော်မူပြီး၊

 မလွဲနိုင်သောစီရင်ချက်အားဖြင့်တည်လျက်

 ပတ်ဝန်းကျင်၌ ပင်လယ်နှင့်ဝန်းရံစေပြီး။


၄ ကြည့်ရှုတော်မူသော ဂုဏ်ကျေးဇူးတော်ကို

 ဖော်ပြသောသက်သေ များပြားစွာရှိ၏။

 အသက်နှင့်အလင်း၊ မိုးရေ၊ သစ်ပင်၊ တောင်လည်း၊ 

 လူတို့ကိုကြည့်ရှုတော်မူကြောင်းကိုပြ၏။