Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၆။ အနန္တတန်ခိုးရှင်ချီးမြောက်ကျူး

2021.07.31 02:19

 ( ၁ယော၊ ၅း၇ )

၁ တန်ခိုးအနန္တရှင်

 ကြွလာ၊ မဟာဘုရင်

 နာမတော်အား

 ကျွန်ုပ်တို့ချီးမွမ်းရ၊

 မစတော်မူအဘ၊

 အောင်မြင်ဘုန်းနှင့်တကွ၊

 စိုးစံမူပါ။


၂ ကျွန်ုပ်တို့ယေရှုရှင်

 အကွယ်အကာကြွဆင်း

 မလဲအံ့ငှာ။

 ရန်သူတို့လက်ထဲက

 လွတ်မည့်အကြောင်းကယ်မ။

 ကိုယ်တော်သာမှီတွယ်ရာ၊

 နာယူမူပါ။


၃ နှုတ်ကပတ်တော်ကြွလာ။

 ကျွန်ုပ်တို့ပတ္ထနာ

 နားညောင်းတော်မူ။

 ကိုယ်တော်၏လူအပေါင်း

 တရားအကျိူးမြင်အောင်

 ကောင်းကြီးများစွာသွန်းလောင်း

 ဆင်းသက်တော်မူ။


၄ အိုဥပဇ္စျာယ်ဆရာ၊

 သက်သေတော်ခံခြင်းငှာ

 ကြွပါ၊ ယခု။

 တန်ခိုးခပ်သိမ်းရှိသော

 မဟာမြတ်ဝိညာဉ်တော်

 အကျွန်ုပ်တို့အပေါ်

 အုပ်စိုးခြင်းပြု။


၅ သုံးပါးတစ်ဆူဘုရား

 ကိုယ်တော်အရှင်မြတ်အား

 ချစ်ခင်မှီဝဲ။

 အထက်ဘုံ၌ဖူးမြော်၊

 တန်ခိုးဘုန်းအာနုဘော်

 ရှိတော်မူပါစေသော။

 အစဉ်အမြဲ။