Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၇။ ဝတ်မပြုမီကျူး

2021.07.31 02:20

 ( ဆာ၊ ၁၀၄း၃၀ )

၁ ရှေ့တော်၌တပည့်တော်များ

 ဝတ်ပြုအောင်စုဝေးသောခါ

 ကြည့်ရှုတော်မူပါ။

 ခုမှလည်းကျွန်ုပ်တို့သည်

 ရှေ့တော်၌စုဝေးပါပြီ

 အိုကျေးဇူးရှင်ကြီး။


၂ သန့်ရှင်းသောမဟာဝိညာဉ်

 မိုးကဲ့သို့ သွန်းလောင်းရွာဆင်း

 အိုကျေးဇူးသခင်

 ယုံကြည်ခြင်းအစရှိသော၊

 ပါရမီတိုးခြင်းသဘော

 သွင်းပေးတော်မူပါ။


၃ ရှေ့တော်၌ ကျွန်ုပ်တို့သည်

 ဉာဏ်ပညာအလျဉ်းမရှိ

 လွန်မိုက်လှပါ၏။

 နှုတ်တော်ထွက်အဓိပ္ပါယ်လျှင်

 ဖော်နိုင်အောင်ပညာအလင်း

 ပေးတော်မူသခင်။


၄ နှုတ်တော်ထွက်ဆိုလေရာရာ

 ကျင့်နိုင်အောင်မတော်မူပါ

 အိုအဘဘုရား

 လူခပ်သိမ်းသမ္မာတရား

 ကြားလျက် စဉ်းစားစိမ့်သောငှာ

 စီရင်တော်မူပါ။


၅ စဉ်းစားသူယုံကြည်စိမ့်ငှာ

 စိတ်အသစ်သွင်းပေးမူပါ။

 အိုအဘဘုရား။

 ခရစ်တော်၏အကျွတ်တရား

 လူခပ်သိမ်းကျင့်စိမ့်သောငှာ

 စီရင်တော်မူပါ။