Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၈။ ကိုးကွယ်ဦးကျူး

2021.07.31 02:21

 ( ယော၊ ၄း၂၃ )

၁ အလွန်ကြီးမြင့်လှသော၊

 အစိန္တေယျမြတ်စွာ

 မြတ်ထာဝရဘုရားရှင်စော၊

 ဆည်းကပ်ရှိခိုးကြပါ။


၂ ကျေးဇူးရှင်ကြီးသားတော်

 ကယ်တင်တော်မူလေပြီ။

 ငါတို့အရှင်၊ သခင်ယေရှု။

 ကျေးဇူးကြီးလှပေသည်။


၃ အလွန်သန့်ရှင်းမြတ်သော

 ဆုကျေးဇူးတော်အများ၊

 ပေးသော မဟာဝိညာဉ်တော်ကို

 ရိုသေလေးမြတ်စေပါ။


၄ ယခုစုဝေးကြသော၊

 ကျွန်ုပ်တို့အပေါင်းအား၊

 သန့်ရှင်းမြတ်သောဆုကျေးဇူးတော်

 ပေးတော်မူပါဘုရား။