Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၂၉။ နှိုးဆော်သီချင်း

2021.07.31 02:22

 ( ဆာ၊ ၁၁၂း၁ )

၁ လာကြကုန်ပါ ညီအစ်ကိုများ။

 ဘုရားထံတော်သို့ဝင်။

 ရွင်လန်းသောစိတ်နှင့်ဝတ်ပြုကြ၊

 ဘုရားဗိမာန်တော်တွင်။


၂ ဘုရားသားတော်ခေါ်ဝေါ်ခြင်းကို

 ခုပင်ခံရကြပြီး။

 ခဏလွန်လျှင်၊ ဘုရားထံသို့

 အမှန်ရောက်ကြကုန်မည်။


၃ သခင်ယေရှုခိုလှုံသောသူ၊

 အမွေခံဖြစ်ကြပြီ။

 ထိုမြတ်သောကျေးဇူးရှင်အတူ၊

 အမွေတော်ခံကြပြီ။


၄ ဤသို့ထူးဆန်းသောမျှော်လင့်ခြင်း

 ရသောညီအစ်ကိုများ၊

 ကျေးဇူးတော်ကိုချီးမွမ်းကြစဥ်၊

 သီချင်းမြွတ်ဆိုကုန်ပါ။