Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၀။ ဂုဏ်တော်ချီးမွမ်းကျူး

2021.07.31 02:22

 ( ဆာ၊ ၄၃း၃ )

၁ ထံတော်မှ ကောင်းကြီးခံရန်၊ ကျွန်ုပ်တို့စုရုံးကြ။

 လိုတော်ကိုသိ၍မှီးရန် လျင်မြန်လမ်းပြ၊

 ဆိုးသွမ်းသူတို့ကွပ်နှိပ်ခြင်းမှ ခုလွှတ်ခဲ့ပြီ၊

 သိုးစုကိုမမေ့၍ ထောမနာပြုမည်။


၂ ရှေးမဆွမှ ရှင်တော်ဘုရားထက်ကြပ်မြဲစောင့်

 နိုင်ငံတော်တည်ရန်၊ ကိုယ်တော်ပြုစုမူကြောင့်

 အနန္တတန်ခိုးဖြင့် စုံစမ်းမူမျိုးမျိုးကို၊

 အောင်မြင်ကုန်စင် လွတ်ကင်းဘုန်းကြီးစေသတည်း။


၃ အောင်မြင်ခြင်းသခင် လမ်းပြရှင်အား ချီးကျူးပါ၏။

 ခုတိုင်အောင် ကွယ်ကာရာရှင်ဖြစ်တော်မူပါ၊

 သိုးစုတော်အား ဒုက္ခပေါင်းမှစဥ်လွှတ်စေပါ၊

 ကိုယ်တော်နာမတော်အား ချီးမွမ်းကျူးအေးမည်။