Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၁။ ကိုးကွယ်ဦးကျူး

2021.08.01 05:27

 ( ဆာ၊ ၉၅း၆ )

၁ မြတ်ကျေးဇူးရှင်၊ သခင်ယေရှု၊

 ရှေ့တော်မြတ်တွင် စုဝေးဝတ်ပြု

 တရားနာအောင်၊ ကျွန်ုပ်တို့သည်

 ခုလာရောက် ထိုင်နေကြပါပြီ။


၂ တရားသံကို ကောင်းစွာနားထောင်

 သိကြားမှတ်ယူကြနိုင်ပါအောင်၊

 သန့်ရှင်းမြတ်သော မဟာဝိညာဉ်၊

 သွန်းလောင်းချပေးပါ၊ အိုသခင်။


၃ ယုံကြည်၊ ချစ်၊ မျှော်သောပါရမီ၊

 ယုတ်ညှိုးမနွမ်း၊ လန်းရွင်တက်စဥ်၊

 မြင့်ကြီးမြတ်အောင် မေတ္တာရေယာဥ်၊

 ဆွတ်ဖြန်းတော်မူပါ၊ အိုသခင်။