Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၂။ သင့်အတွက် ငါဆုတောင်းခြင်းကျူး

2021.08.01 05:28

 ( ဆာ၊ ၆၀:၁၇ )

၁ ငါ့ကိုကယ်တင်ရှင်ရှိပေ၊ ရှေ့ဆောင်လုပ်နေ။

 လောကမိတ်ဆွေနည်းပါး၊ ချစ်ဖွယ်ရှင်တကား။

 ယခုကိုယ်တော်သိမ်မွေ့စွာ၊ ငါ့ကိုစောင့်ထိန်းပေ၊

 ငါ့ကိုကယ်ချွတ်ရှင် သင့်ဖို့လည်းဖြစ်စေပါ။


ထပ်ဆိုရန် -

 သင့်တွတ်ငါဆုတောင်းနေ၊

 သင့်တွက်ငါဆုတောင်းနေ၊

 သင့်တွက်ငါဆုတောင်းနေ၊

 သင့်တွက်ငါဆုတောင်းပေး။


၂ ထာဝရမျှော်လင့်ရန် မဂ်လာမှန်ကန်

 ပေးသောငါ၏အဘခမည်းတော်ရှိပေ။

 မကြာမီခေါ်မူမည်၊ ကိုယ်တော်မြတ်ကိုဖူးရန်၊

 ငါနှင့်တူသွားရန် သင့်ကိုလမ်းပြပါစေ။


၃ မြစ်လိုငြိမ်သာယာ၊ ငြိမ်သက်ခြင်းငါ၌ရှိ၊

 ထိုငြိမ်သက်ခြင်းလောကီစွဲသူလျှင်းမသိ။

 ငါ့ကို၊ ကယ်ချွတ်ရှင်သာပိုင်သောကြောင့်ပေးနိုင်၏။

 သင့်ကိုလည်းပေးကြောင်း ငါလွန်ကြားသိလိုသည်။


၄ ယေရှုရှင်သည် သင့်ကိုရှာ၍တွေ့သောခါ။

 ချစ်ဖွယ်ရှင်သင့်ကိုကယ်တင်ကြောင်းပြောရမည်။

 ကိုယ်တော်ဘုန်းလူတို့တွင် ထင်ရှားရန်ဆုတောင်းပါ

 သင့်တွက်ဆုတောင်းသော်ရလျှင်၊ သင်လည်းရမည်။