Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၄။ တပည့်တော်တို့ခံရသောအကျိူးကျေးဇူး

2021.08.01 05:30

၁ ယခုစုဝေးသောသူများကား၊

 အဘယ်သို့သောသူဖြစ်ကြသနည်း။

 ဧမာနွေလခေါ်တော်မူခြင်း၊

 ကျေးဇူးတော်ကိုခံသူပေတည်း။


၂ ခံကြသောဆုကျေးဇူးတော်ကား၊

 အဘယ်မျှလောက် ကြီးမြတ်သနည်း၊

 ကမ္ဘာဆက်ဆက် တည်နေတက်သော၊

 မြတ်သောအသက်ချမ်းသာပေတည်း။


၃ မြတ်သောအသက် ဆိုပြန်သည်ကား၊

 အဘယ်အရာ ဆိုလိုအံ့နည်း။

 ကောင်းကင်ဘုံမှ ကြွလာသောသူ၊

 မြတ်ယေရှုကို ချစ်ခြင်းပေတည်း။


၄ သခင်ယေရှု၊ ငါတို့အရှင်၊

 နိစ္စအသက် ဖြစ်သည်မှန်လျှင်၊

 အကြွင်းမဲ့ပင် ချစ်ခင်ကြပါ။

 အိုသင်းဝင်သူညီအစ်ကိုများ။