Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၅။ ကိုးကွယ်ဆုံးကျူး

2021.08.03 04:08

၁ ကျေးဇူးရှင်ယေရှုသခင်မြတ်၊

 ထံတော်တွင်ကျွန်ုပ်တို့သည်

 ရုံးစုဝေးလျက်၊

 ကိုးကွယ်ခြင်းဝတ်

 ဆောင်ပြုပြီးခဲလေကြပြီ။

 ဤနေရာမှ ခွာထသွားခွင့်

 ပေးမတော်မူပါအရှင်။

 ငြိမ်သက်စွာသော

 မေတ္တာတော်ပွင့်

 ကျေးဇူးကို ပေးပါသခင်။


၂ ကယ်တင်ရှင်တရားတော်မြတ်ကို

 ကြားနာ၍မှတ်ယူပြီးမှ

 စိုးရိမ်ကြောင့်ကြစိတ်များတို့ကို

 ပယ်ဖျက်၍ ပေးပါအရှင်

 ယုံကြည်ခြင်းတည်ဆောက်နိုင်ခွင့်ကို

 ပေးမတော်မူပါအရှင်

 ရုပါရုံအသစ်ဖန်တီး၍

 ဘဝသစ်ဆောက်တည်ခွင့်ပေး။