Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၃၈။ သန့်ရှင်းတော်မူခြင်းကျူး

2021.08.03 04:13

 (ဗျာ၊ ၄:၈ )

၁ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ အနန္တတန်ခိုးမင်း၊

 နံနက်စောစောကိုယ်တော်မြတ်ကိုချီးမွမ်းအေးကျူးမည်။

 သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ စွမ်းကြီးကရုဏာရှင်၊

 သုံးပါးတစ်ဆူတည်းသောဘုရားသခင်။


၂ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ကောင်းကင်သားအပေါင်းတို့၊

 ပလ္လင်တော်ရှေ့ သရဖူကိုချလျက်ကိုးကွယ်ကြ။

 ကောင်းကင်တမန်သရပ်ရှေ့တော်၌ပျပ်ဝပ်သည်။

 ပြောင်းလဲခြင်းကင်းသောထာဝရဘုရား။


၃ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ မှောမိုက်ခြင်းဖြင့်ကွယ်လျှင်၊

 ပြစ်ရှိသောလူမျိုးသည် ဘုန်းတော်ကိုမမြင်နိုင်ရာ။

 ကိုယ်တော်သာလျှင်သန်းရှင်း၊ အတုမဲ့ဘုရင်မင်း။

 မေတ္တာဖြူစင်ခြင်း၊ တန်ခိုးစုံလင်ပါ။


၄ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ အနန္တတန်ခိုးမင်း၊

 ကောင်းကင်မြေကြီးပင်ယ်၌ ဖန်ဆင်းသောအရာများ၊

 ချီးမွမ်းအေးကျူးနေသည်၊ အို...ကရုဏာတော်ရှင်

 သုံးပါတစ်ဆူတည်းမင်္ဂလာဘုရား။