Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၄၀။ ပထမဆာလံကျူး

2021.08.03 04:17

 ( ဆာ၊ ၁ )

၁ လူမတရားတိုက်တွန်းခြင်းကို

 ဖယ်ရှား၍အားမပေး၊

 လူဆိုးလမ်းတွင်မရပ်သောသူ၊

 အပြစ်နှင့်လွန်ကွာဝေး။


၂ မထီမဲ့မြင် ပြုသူများ၏

 စုဝေးရာလိုက်မပါ၊

 သူတို့အပေါင်းအသင်းကိုလည်း

 မဝင်သူ၊ လွန်သာယာ။


၃ ဘုရား၏မြတ်တရားတော်တွင်

 မွေ့လျော်တရားမြတ်ကို၊

 နေ့ညဉ့်မပြတ်ဆင်ခြင်သောသူ၊

 ရွှင်ပျော်လျက်သီချင်းဆို။


၄ ထိုသူသည် မြစ်နားမှာစိုက်၊

 အချိန်တန်မှသီး။

 အရွက်မညိူးနွမ်းသောအပင်

 ပမာနှင့်တူသတည်း။


၅ အကြင်မည်သောအမူမြတ်ကို၊

 ထိုကောင်းသူဆောင်ရွက်၏၊

 ဘုရားမြတ်ကူညီတော်မူလျက်၊

 ထိုသူသည်အောင်လိမ့်မည်။


၆ တရားကိုပယ်သောသူသည်ကား

 လေတိုက်သောဖွဲတူညီ။

 တရားဆုံးဖြတ်တော်မူသောခါ၊

 မတည်မနေသင့်ပြီ။


၇ ဖြောင့်မတ်သောသူစုဝေးရာ၌

 လူဆိုးမဝင်သင့်ရာ၊

 သူမြတ်တရား၏လမ်းတော်ကို

 လူမိုက်မလိုက်ချင်ပါ။


၈ သူမြတ်၏လမ်းကိုမြတ်ဘုရား

 နှစ်သက်တော်မူလေ၏။

 လူဆိုး၏လမ်း ဆုံးရှုံးခြင်းသို့

 ကျရောက်ရလိမ့်သတည်း။