Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၄၁။ မင်္ဂလာဆုကျေးဇူး

2021.08.03 04:21


 ( ၁ရာ၊ ၇:၁၂ )

၁ မင်္ဂလာဆုပေါင်းဖြစ်ပွားရာ၊

 ယေရှုရှင်မတော်မူပါ။

 နေ့ရက်တိုင်းခံရာ ဆုကျေးဇူး၊

 နေ့ရက်တိုင်းချီးမွမ်းလိုမူ။

 ကောင်ကင်ဘုံသားကျူးသောလင်္ကာ၊

 တုပြိုင်လျက်ချီးမွမ်းလိုပါ။

 မေတ္တာတော်တိုင်းထက်လွန်းကြီးပေ၊

 မေတ္တာပင်ပြန်ပိုလို့လေ။


၂ ခုတိုင်အောင်မစတော်မူလို၊

 ဧဗနေဇာ ထူတောင်လို၊

 မစတော်မူ ကျေဇူးကြောင့်ပေ။

 ရွေပြည်တော် ငါစောင့်စားလေ။

 လမ်းလွဲလျက်ဘေးရောက်လုသောခါ၊

 ယေရှုရှင် ငါ့ကိုလိုက်ရှာ။

 ငါ့သက်ကိုကယ်တော်မူလိုငှာ၊

 သက်တော်မြတ်စွန့်လေတကား။


၃ ကျေးဇူးတော်သည် ထူးမြတ်လွန်လေ၊

 ကျေဇူးတော် အောက်မေ့လိုပေ၊

 ကျေးဇူးရှင်၊ ထိုကျေးဇူးအားဖြင့်၊

 ကျွန်ုပ်စိတ်ကို​နှောင်စေချင်။

 မှားမိလွန်လို၊ စိတ်ပျက်လုပါ၊

 ချစ်ဖွယ်ရှင် ကယ်မသနား၊

 ကျွန်ုပ်စိတ်ကို ယူတော်မူလျှင်

 ကောင်ကင်ဘုံးက ပြင်ပါရှင်။