Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၄၃။ ကျေးဇူးတော်ဗူးများဖွင့်သောနေ့မှာဆိုရန်

2021.08.03 04:26

၁ သခင်ယေရှု မြတ်နာမအား

 ချီးမွမ်းဖို့ရာရောက်လာ။

 ဘုန်းတော်မြတ်ကိုသီချင်းမြွတ်ဆို။

 သံပြိုင်ကျူးအေးကြစို့။


၂ ရပ်ဝေး၊ ရပ်နီး၊ နေရာတိုင်းမှ

 စုရုံးလျက်ရောက်လာကြ။

 ဘုန်းတော်မြတ်ကို ထင်ရှားစေဖို့။

 ကြိုးစားအားထုတ်ကြစို့။


၃ မိန်းခွန်အား နည်းပါးသောငြာ၊

 စည်းလုံးပေါင်းသင်းသောခါ

 တိုးတက်ကြီးပွာ အကျိူးများပြား

 သုံးတော်မူပါဘုရား။


၄ နည်းပါးသော ကျွန်မတို့ဘဏ္ဍာ

 လက်ခံသိမ်းပိုက်မူပါ။

 နိုင်ငံတော်မြတ်ကြီးပွားဖို့ရာ

 သုံးတော်မူပါဘုရား။


၅ ညံ့ဖျင်းလှသော ကျွန်မတို့ဉာဏ်

 ကိုယ်တော်ဖို့ သုံးလိုပါ။

 နှုတ်ထွက်စကားအမူအရာ၊

 ဘုန်းတော်ချီးမွမ်းစေပါ။