Ameba Ownd

アプリで簡単、無料ホームページ作成

ဝိညာဉ်အစာ- စားမယ်

၄၅။ မေတ္တာတော်ကျူး

2021.08.03 04:32

 ( ဟေရှာ၊ ၆၃:၇ )

၁ အိုငါ့ဝိညာဉ်၊ နိုးပါအလျင်၊

 ရှင်ယေရှုကို သီချင်းမြွတ်ဆို။

 ကျေးဇူးတော်ကား၊ ချီးမြှောက်ဖွယ်ရာ၊

 မေတ္တာတော်မြတ် မြင့်လှတကား။


၂ ငါသည် ငရဲခံထိုက်သော်လည်း၊

 ရှင်ယေရှုပင် ငါ့ကိုကယ်တင်။

 ငါ့ပြစ်ရှိရာ၊ ဆေးကြောပယ်ရှား၊

 မေတ္တာတော်မြတ် မြင့်လှတကား။


၃ ငါ့ရန်သူဆိုး လုပ်ကြံတိုက်ထိုး၊

 ငါ့ကိုဆီးတား မနိုင်ကြရာ။

 ရှင်ယေရှုသည် ငါ့ဘက်၌ရှိ၊

 မေတ္တာတော်မြတ် အောင်မြင်သတည်း။


၄ ငါ့စိတ်သဘော သော့သွမ်းလျှပ်ပေါ်

 ရှင်ယေရှုကို မေ့လျော့သည်လို၊

 ကြိမ်ဖန်ခါများ ဖြစ်ဖူးသည်မှာ၊

 မေတ္တာတော်မြတ် မပြောင်းမခြား။


၅ မကြာမြင့်မီ၊ သေရသော်လည်း၊

 လန့်ကြောက်ဘေးကင်း၊ ဝမ်းသားစိတ်ရွင်၊

 ကျေးဇူးတော်ကား၊ ငါကိုးစားရာ၊

 မေတ္တာတော်မြတ် သေဆဲကျူးလှာ။