Gotanda ဘူတာနားက Tonkatsu ဆိုင်မှာ အချိန်ပိုင်းအလုပ်ပေါ်ပါတယ် တစ်ပတ် (၁) ရက်ကနေစပြီးလုပ်နိုင်
✸အမျိုးအစား-
1. စားပွဲထိုး (Hall Staff)
အော်ဒါကောက် ငွေရှင်း
2. ဖိုထဲ (Kitchen Staff)
ချက်ပြုတ်ပန်းကန်ဆေးခြင်း
(ခက်ခဲတဲ့ ချက်ပြုတ်တာတွေ လုပ်စရာမလိုပါ အရင်က ဖိုထဲမဝင်ဖူးတဲ့သူတွေတောင် အဆင်ပြေအောင် သင်ပေးပါတယ်။)
📌 အသေးစိတ်အချက်အလက်
လစာ (Salary): တစ်နာရီ ¥1,250 ကနေစပြီး တိုးပေးဖို့အခွင့်အလမ်းရှိ (ညပိုင်းနဲ့ အချိန်ပိုအတွက် Bonus ရှိ)
အလုပ်ချိန် (Working Hours): 11:00~22:30 ကြား (တစ်ပတ် အနည်းဆုံး ၁ ရက်)
နေရာ (Location): Gotanda Station (五反田駅) ကနေ လမ်းလျှောက် ၃ မိနစ်
သွားရေးလာရေး (Transportation): ခရီးစရိတ် တစ်စိတ်တစ်ပိုင်း ပေးပါတယ်။
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🗓️ Shift အရမ်း Flexible ဖြစ်ပါတယ်! 👉 တစ်ပတ်ကို (၁) ရက်ကနေစပြီး ကိုယ်အားတဲ့ရက်၊ အားတဲ့အချိန်ကို ရွေးပြီးလုပ်လို့ရပါတယ်။ Shift ကို တစ်ပတ်တစ်ခါတင်ရုံပါပဲ။ ကလေးကျောင်းကိစ္စ၊ မိသားစုကိစ္စတွေကို ဦးစားပေးနိုင်ပါတယ်။
👍 အတွေ့အကြုံလုံးဝမလိုပါ 👉 အခုလုပ်နေတဲ့သူအများစုက အတွေ့အကြုံမရှိဘဲ စခဲ့ကြတာမို့ အလုပ်အကြောင်းကို အစကနေသေချာသင်ပေးမှာပါ။
🍛 Meal (まかない) ပါ ပါတယ် 👉 အလုပ်လုပ်တဲ့နေ့မှာဆိုင်ကအစားအစာတွေကို စားခွင့်ရှိပါတယ်။
💳 Gyu-Kaku တို့လို ဆိုင်တွေမှာသုံးလို့ရတဲ့ 15% Discount Card လတိုင်းရ👉 Gyu-Kaku, Shabu-shabu Onyasai အစရှိတဲ့ နာမည်ကြီးဆိုင်တွေမှာသုံးနိုင်တဲ့ Discount ကတ်ကို လတိုင်းပေးပါတယ်။
💰 လစာကြိုတင်ထုတ်လို့ရ 👉 အရေးပေါ်ငွေလိုတဲ့အခါ အဆင်ပြေအောင် လစာကို ကြိုထုတ်နိုင်တဲ့စနစ်လည်း ရှိပါတယ်။
💇♀️ ဆံပင်အရောင်၊ ဒီဇိုင်း 👉 သန့်ရှင်းသပ်ရပ်နေသရွေ့ ဆံပင်ပုံစံ၊ အရောင်ကို လွတ်လပ်စွာထားနိုင်ပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်