Ameba Ownd

アプリで簡単、無料ホームページ作成

Baito Box

Osaka မှာ စကားမရလည်းလုပ်လို့ရတဲ့ မသန်စွမ်းသူများကို ကူညီထောက်ပံ့ပေးတဲ့အလုပ်ပေါ်ပါတယ်

2025.09.02 13:45

ဂျပန်စကားကို "おはようございます" နဲ့ "おつかれさまです" လောက်ပဲ ပြောတတ်ရင်တောင် အဆင်ပြေပါတယ်။ အကူအညီလိုရင် ဘာသာပြန်စက် (Translation App) ကို သုံးပြီး ပြောလို့ရပါတယ်


‼️ လိုအပ်ချက်များ (ひつようなスキル)

ကားမောင်းလိုင်စင် (日本で有効なもの) (Driver's license valid in Japan)

ဂျပန်မှာ အလုပ်လုပ်ခွင့်ရှိတဲ့ Visa (在留資格) (A valid residence status that allows you to work in Japan)


📋 ဘာအလုပ်တွေလုပ်ရမလဲ? (おしごと)

မသန်စွမ်းသူများကို ကူညီထောက်ပံ့ပေးတဲ့ အလုပ်ပါ။ 


 👉 စက္ကူခေါက်ခြင်း (Origami)၊ လက်ပတ်ကြိုးပြုလုပ်ခြင်း (Misanga) တို့လို လွယ်ကူတဲ့အလုပ်တွေကို အတူတူလုပ်ရင်း ကူညီပေးရပါမယ်။

ကားလိုင်စင်ရှိပါက ကားဖြင့် ကြို/ပို့ 👉 (利用者さん) ကို ကားဖြင့် ကြိုဆိုခြင်း၊ ပြန်ပို့ပေးခြင်းများ ပြုလုပ်ပေးရပါမယ်။

(ဘာမှမသိရင်၊ မလုပ်တတ်ရင်လည်း စိတ်မပူပါနဲ့။  (Senior) တွေကို ချက်ချင်းမေးပြီး အကူအညီတောင်းနိုင်ပါတယ်။ အားလုံးက စိတ်ရှည်လက်ရှည်သင်ပေးမှာပါ)


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,200 ကနေစတင်ပါမည်။

ခံစားခွင့် (Benefits):

လူမှုဖူလုံရေးအာမခံ အပြည့်အစုံ (Social Insurance)

ခရီးစရိတ် အပြည့်အဝပေးချေခြင်း (Transportation fully covered)

ကားဖြင့်အလုပ်လာနိုင်သည် (ကားပါကင် အခမဲ့)

နေရာ (Location): Osaka-shi, Asahi-ku

အနီးဆုံးဘူတာ (Nearest Station): Morishoji Station (森小路駅) ကနေ လမ်းလျှောက် ၁ မိနစ်

ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်