Kanagawa Amazon Warehouse မှာ အချိန်ပိုင်းအလုပ် | တစ်နာရီလုပ်ခ ¥1,700! (ညပိုင်း ¥2,125!) | CV မလို
Amazon ရဲ့ အထူး Busy Season အတွက်Warehouse မှာ အချိန်ပိုင်းအလုပ်ပေါ်ပါတယ်
အချိန်တိုအတွင်း ဝင်ငွေများများရှာချင်သူတွေအတွက်
လူဦးရေကန့်သတ်ချက်ရှိတာကြောင့် စိတ်ဝင်စားရင် အမြန်ဆုံးစာရင်းပေးသွင်းပါ။
📋 ဘာအလုပ်တွေလုပ်ရမလဲ?
Amazon Warehouse ထဲမှာ နေ့စဉ်သုံးပစ္စည်းတွေ၊ အရုပ်တွေ စတဲ့ ပစ္စည်းတွေကို Scanner နဲ့ဖတ်ပြီး:
အမျိုးအစားခွဲခြင်း (仕分け)
ကုန်ပစ္စည်းကောက်ယူခြင်း (ピッキング)
ပစ္စည်းများ ထုပ်ပိုးခြင်း (梱包)
ပို့ဆောင်ရန်ပြင်ဆင်ခြင်း (出荷作業) စတဲ့ လွယ်ကူတဲ့အလုပ်တွေကို လုပ်ကိုင်ရမှာပါ။
📌 အသေးစိတ်အချက်အလက်
လစာ (Salary): တစ်နာရီ ¥1,700 (ညပိုင်း: ¥2,125)
အလုပ်ချိန် (Working Hours): အောက်ပါ Shift များထဲမှ ရွေးချယ်နိုင်သည်
① 19:00~翌6:00 (တစ်နေ့ ၁၀ နာရီ)
② 8:00~19:00 (တစ်နေ့ ၁၀ နာရီ)
③ 21:00~翌6:00 (တစ်နေ့ ၈ နာရီ)
④ 8:00~17:00 (တစ်နေ့ ၈ နာရီ)
⑤ 10:00~19:00 (တစ်နေ့ ၈ နာရီ)
နေရာ (Location): 神奈川県相模原市 (Kanagawa-ken, Sagamihara-shi)
ခရီးစရိတ် (Transportation): တစ်လ အများဆုံး ယန်း ၂၀,၀၀၀ အထိ
‼️ အရေးကြီးသောအချက်များ
Short-term အလုပ်ဖြစ်သည် 👉 အလုပ်ခန့်အပ်မှုသည် အများဆုံး အောက်တိုဘာ ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။ (တစ်လတည်းလုပ်ချင်လည်း ရပါတယ်)။
စနေ (သို့) တနင်္ဂနွေ တစ်ရက် မဖြစ်မနေ အလုပ်ဆင်းရမည်။
အောက်တိုဘာ ၅ မှ ၁၈ ရက်အတွင်း တစ်ပတ်ကို ပျမ်းမျှ နာရီ ၃၀ ထက်မနည်း အလုပ်လုပ်ရမည်။ (Busy အဖြစ်ဆုံးအချိန်ဖြစ်လို့ပါ)။
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
💰 တစ်နာရီလုပ်ခ ¥1,700! ညပိုင်း ရှင်းယ (ည ၁၀ မှ မနက် ၅) ဆိုရင် ¥2,125!
🚀 လစာကို ၂၄ နာရီ၊ ၃၆၅ ရက် ကြိုက်တဲ့အချိန်ထုတ်ယူနိုင် 👉 အရေးပေါ်ငွေလိုတဲ့အခါ စနေ၊ တနင်္ဂနွေမရွေး အချိန်မရွေး ထုတ်ယူနိုင်တဲ့ စနစ်ရှိပါတယ်။
👍 Interview ဖြေဖို့ CV (履歴書) မလိုပါ 👉 လျှောက်ထားရတာ အရမ်းလွယ်ကူပြီး အလုပ်ရှုပ်သက်သာစေပါတယ်။
🚌 Hashimoto နဲ့ Sagamihara ဘူတာတွေကနေ အကြို/အပို့ Shuttle Bus ရှိ 👉 သွားရေးလာရေးအတွက် စိတ်ပူစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ အလုပ်တက်နိုင်ပါတယ်။ (ကား၊ ဆိုင်ကယ်နဲ့လည်း လာလို့ရပါတယ်)။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်