💎 CHANEL (Ginza) Fine Jewelry ဆိုင်မှာ အချိန်ပိုင်း Support Staff | Luxury Brand အတွေ့အကြုံမလို
ကမ္ဘာကျော် Luxury Brand ဖြစ်တဲ့ CHANEL ရဲ့ Ginza Namiki မှာရှိတဲ့ Fine Jewelry ဆိုင်မှာ အတူတူအလုပ်လုပ်ဖို့ အချိန်ပိုင်း Support Staff ခေါ်နေပါတယ်။
(CV မလိုဘဲ လျှောက်ထားနိုင်ပါတယ်)
Luxury Brand တွေမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံမရှိသူတွေတောင် လျှောက်ထားနိုင်ပြီး အကောင်းဆုံး Training တွေနဲ့ သင်ကြားပေးမှာဖြစ်လို့ အဖိုးတန်တဲ့ အတွေ့အကြုံကောင်းတွေ ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုပါ။
📋 အဓိကလုပ်ဆောင်ရမယ့် Support လုပ်ငန်းများ
Customer များကို ကြိုဆိုခြင်း၊ Drink တိုက်ခြင်း
လက်ဆောင်ပစ္စည်းများ လှပစွာထုပ်ပိုးပေးခြင်း (ラッピング)
ဆိုင်အတွက် လိုအပ်သောပစ္စည်းများ ဖြည့်ဆည်းခြင်း
ကွန်ပျူတာဖြင့် Data များထည့်သွင်းခြင်း
📌 အသေးစိတ်အချက်အလက်
လစာ (Salary): တစ်နာရီ ¥1,600 ~ ¥1,700
အလုပ်ကာလ (Work Period): နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (Short-Term)
အလုပ်ချိန် (Working Hours): 11:00~20:00 ကြား (အလုပ်ချိန် ၇.၅ နာရီ / နားချိန် ၁.၅ နာရီ)
နေရာ (Location): シャネル ファインジュエリー 銀座並木 (CHANEL Fine Jewelry Ginza Namiki)
(Ginza Station B5 ထွက်ပေါက်ကနေ လမ်းလျှောက် ၂ မိနစ်)
🌟 CHANEL မှာ အလုပ်လုပ်ခြင်းရဲ့ အထူးအခွင့်အရေးများ 🌟
🤵 ဖိနပ်အပါအဝင် Uniform အစုံအလင်ကို အခမဲ့ပေး 👉 CHANEL ရဲ့ သပ်ရပ်လှပတဲ့ Uniform အစုံအလင်ကို ဖိနပ်၊ အသုံးအဆောင်များနဲ့တကွ အခမဲ့ စီစဉ်ပေးထားပါတယ်။
📚 Trainer က တစ်ဦးချင်း သီးသန့်သင်ကြားပေးမယ့် စနစ် 👉 အလုပ်ခွင်ထဲမှာ Trainer က အနီးကပ်အစအဆုံး သေချာသင်ကြားပေးမှာဖြစ်လို့ အတွေ့အကြုံမရှိလည်း စိတ်မပူရပါဘူး။
💼 ရေရှည် (သို့) Full-time Employee ဖြစ်လာနိုင်မယ့် အခွင့်အလမ်း 👉 သင်ရဲ့ ကြိုးစားမှုပေါ်မူတည်ပြီး ရေရှည်အလုပ်လုပ်ကိုင်ခွင့် (သို့) Full-time Employee ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်