Ameba Ownd

アプリで簡単、無料ホームページ作成

Baito Box

Royal Host (Kagurazaka) မှာ ဖိုထဲအလုပ်ပေါ်ပါတယ်| CV မလို! | လစာကြိုတင်ထုတ်ယူနိုင်!

2025.09.16 13:47

ဂျပန်ရဲ့ နာမည်ကြီး Family Restaurant တစ်ခုဖြစ်တဲ့ Royal Host ရဲ့ Kagurazaka ဆိုင်ခွဲ ဖိုမှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။ 

အတွေ့အကြုံမလို: အားလုံးကို အစကနေ သင်ကြားပေးသွားမှာပါ။


📋 ဘာအလုပ်တွေလုပ်ရမလဲ? (မီးဖိုချောင် - Kitchen Staff)

ဟင်းချက်ဖို့အတွက် ပြင်ဆင်ခြင်း၊ ချက်ပြုတ်မှုများတွင် ကူညီခြင်း

ပန်းကန်ဆေး


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,250 ကနေစတင်ပါမည်။ (ည ၁၀ နာရီနောက်ပိုင်း: ¥1,625)

အလုပ်ချိန် (Working Hours): 8:00~23:30 ကြား (Shift ညှိနှိုင်းနိုင်သည်)

နေရာ (Location): ロイヤルホスト 神楽坂店 (Royal Host Kagurazaka Branch)

(Iidabashi Station ကနေ လမ်းလျှောက် ၃-၆ မိနစ်)

ခရီးစရိတ် (Transportation): တစ်လ အများဆုံး ယန်း ၂၀,၀၀၀ အထိ စည်းမျဉ်းအတိုင်း ပေးပါသည်။


🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟

📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 လျှောက်လွှာတွေပြင်ဆင်ရတဲ့ အလုပ်မရှုပ်ဘဲ လူကိုယ်တိုင်လာရောက်စကားပြောရုံနဲ့ အဆင်ပြေပါတယ်။

💰 လစာကြိုတင်ထုတ်ယူနိုင်တဲ့ စနစ် (日払い制度) ရှိ 👉 လကုန်ထိစောင့်စရာမလိုဘဲ အလုပ်လုပ်ပြီးသားရက်တွေအတွက် လစာတစ်စိတ်တစ်ပိုင်းကို ကိုယ်လိုအပ်တဲ့အချိန်မှာ ကြိုတင်ထုတ်ယူနိုင်ပါတယ်။

📍 Kagurazaka / Iidabashi ဘူတာနား၊ သွားလာရေးလွယ်ကူ 👉 အလုပ်ပြီးရင် လျှောက်လည်လို့ကောင်းတဲ့ Kagurazaka မှာ တည်ရှိပြီး ဘူတာနဲ့လည်း နီးတာကြောင့် အလုပ်တက်၊ အလုပ်ဆင်းရတာ အဆင်ပြေပါတယ်။


ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်