🍔 Osaka McDonald's (Higashi-Mikuni) မှာ ကျောင်းသား/သူများအတွက် အချိန်ပိုင်းအလုပ် 🍔
ကျောင်းစာတစ်ဖက်နဲ့ ဝင်ငွေရှာချင်သူတွေ၊ အချိန်ပိုင်းအလုပ် ပထမဆုံးစလုပ်မယ့်သူတွေအတွက် McDonald's က အကောင်းဆုံးပါပဲ။ Shift ကို တစ်ပတ်တစ်ခါ ကိုယ်တိုင်ချိန်ညှိနိုင်တာကြောင့် ကျောင်းစာမေးပွဲ၊ ကျောင်းပွဲတော်တွေနဲ့ အချိန်မညိဘဲ အဆင်ပြေပြေအလုပ်လုပ်နိုင်ပါတယ်။
📋 ဘာအလုပ်တွေလုပ်ရမလဲ?
Counter Staff: အော်ဒါကောက်၊ ငွေရှင်း(Touch-panel ဖြစ်လို့ အရမ်းလွယ်ကူပါတယ်)
Kitchen Staff: Burgerလုပ်၊ French Fries ကြော် (Manual အတိုင်းလုပ်ရုံပါပဲ)
📌 အသေးစိတ်အချက်အလက်
လစာ (Salary): တစ်နာရီ ¥1,114 ကနေစတင်ပါမည်။ (ည ၁၀ နာရီနောက်ပိုင်း 25% တိုးပေးသည်)
အလုပ်ချိန် (Working Hours): 5:30~1:00 ကြား (တစ်ပတ် အနည်းဆုံး ၂ ရက်၊ တစ်နေ့ အနည်းဆုံး ၃ နာရီ)
နေရာ (Location): マクドナルド東三国駅前店 (McDonald's Higashi-Mikuni Station Front Branch)
(Osaka Metro Higashi-Mikuni Station ကနေ လမ်းလျှောက် ၂ မိနစ်)
အလုပ်ခန့်အပ်မှု: အလုပ်ခန့်အပ်မှုသည် တစ်နှစ်စာချုပ်ဖြစ်ပြီး သက်တမ်းတိုးနိုင်ပါသည်။
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🍟 McDonald's Menu အားလုံး 30% Discount! 👉 Burger တွေ၊ Fries တွေ ကြိုက်သလောက်စား၊ အလုပ်လုပ်တဲ့နေ့ဖြစ်ဖြစ်၊ အားလပ်ရက်ဖြစ်ဖြစ် အထူးဈေးနှုန်းနဲ့ စားသုံးနိုင်ပါတယ်။
👍 အတွေ့အကြုံလုံးဝမလို၊ Training စနစ်တကျပေး 👉 အလုပ်မလုပ်ဖူးသူတွေတောင် စိတ်မပူရအောင် အစကနေစပြီး စနစ်တကျ သင်ကြားပေးတဲ့ အစီအစဉ်အပြည့်အစုံရှိပါတယ်။
🤝 သူငယ်ချင်းနဲ့အတူတူ လျှောက်ထားနိုင် 👉 သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်စလုပ်နိုင်ပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်