Tenya (Jujo) မှာ အချိန်ပိုင်းအလုပ် | CV မလို! | လစာကြိုတင်ထုတ်ယူနိုင်! | အလုပ်အရမ်းလွယ် 🍤
ဂျပန်ရဲ့ နာမည်ကြီး Tendon ဆိုင် 'Tenya' မှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။ အလိုအလျောက် အကြော်ကြော်စက် (Auto-fryer) တွေ၊ Video Manual တွေနဲ့ အလုပ်လုပ်ရတာဖြစ်လို့ အတွေ့အကြုံလုံးဝမရှိသူတွေ၊ အချိန်ပိုင်းအလုပ် စလုပ်မယ့်သူတွေအတွက် အကောင်းဆုံးပါပဲ။
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 လျှောက်လွှာတွေပြင်ဆင်ရတဲ့ အလုပ်မရှုပ်ဘဲ လူကိုယ်တိုင်လာရောက်စကားပြောရုံနဲ့ အဆင်ပြေပါတယ်။
💰 လစာကြိုတင်ထုတ်ယူနိုင်တဲ့ စနစ် (日払い制度) ရှိတယ် 👉 လကုန်ထိစောင့်စရာမလိုဘဲ အလုပ်လုပ်ပြီးသားရက်တွေအတွက် လစာတစ်စိတ်တစ်ပိုင်းကို ကိုယ်လိုအပ်တဲ့အချိန်မှာ ကြိုတင်ထုတ်ယူနိုင်ပါတယ်။
📋 ဘာအလုပ်တွေလုပ်ရမလဲ?
စားပွဲထိုး (Hall Staff)
အော်ဒါကောက် အစားအသောက်ပို့ပေးခြင်း၊ ငွေရှင်း (Receipt ကို Scan ဖတ်ရုံပဲ)
မီးဖိုချောင် (Kitchen Staff)
လွယ်ကူတဲ့ ချက်ပြုတ်ပြင်ဆင် (Auto-fryer က အဓိကကြော်ပေးမှာပါ)
ပန်းကန်ဆေး(ပန်းကန်ဆေးစက်ရှိပါတယ်)
📌 အသေးစိတ်အချက်အလက်
လစာ (Salary): တစ်နာရီ ¥1,200 (အထက်တန်းကျောင်းသား/သူများလည်း တူညီပါသည်)
အလုပ်ချိန် (Working Hours): 9:30~22:00 ကြား (Shift ညှိနှိုင်းနိုင်သည်)
နေရာ (Location): 天丼てんや 十条店 (Tendon Tenya, Jujo Branch)
(JR Jujo Station ကနေ လမ်းလျှောက် ၁ မိနစ်)
ခရီးစရိတ် (Transportation): စည်းမျဉ်းအတိုင်း ပေးပါသည်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်