Ameba Ownd

アプリで簡単、無料ホームページ作成

Baito Box

🍓 SNS မှာ နာမည်ကြီး Fruit Cafe | တစ်နာရီလုပ်ခ ¥1,280~ | Fruit Cut သင်ယူခွင့် | CV မလို 🍓

2025.10.04 15:09

Osaka, Umeda က Hanshin ကုန်တိုက်ကြီးထဲမှာရှိပြီး SNS မှာ Follower 10,000 ကျော်နဲ့ နာမည်ကြီးနေတဲ့ Fruit Cafe 'FRUiT' မှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။


မုန့်လုပ်ရတာ ဝါသနာပါရင် အတွေ့အကြုံမလို 👉 အတွေ့အကြုံမရှိပေမယ့် မုန့်လုပ်ရတာကို စိတ်ပါဝင်စားသူတွေ OK



📋 ဘာအလုပ်တွေလုပ်ရမလဲ? (Kitchen Staff)

ရာသီပေါ်သစ်သီးများ လှီးဖြတ်ပြင်ဆင်ခြင်း

Dessert (Parfait, Fruit Sandwich) များ လှပစွာပြင်ဆင်ခြင်း (盛り付け)

ပန်းကန်ဆေးခြင်း၊ မီးဖိုချောင် သန့်ရှင်းရေး


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,280 ကနေစတင်ပါမည်။

အလုပ်ချိန် (Working Hours): 9:00~17:00 ကြား (တစ်ပတ် အနည်းဆုံး ၃ ရက်၊ တစ်နေ့ ၄ နာရီကနေစပြီး ညှိနှိုင်းနိုင်သည်)

နေရာ (Location): FRUiT 阪神梅田店 (FRUiT Hanshin Umeda Store)

ခရီးစရိတ် (Transportation): ပေးပါသည်။


🌟 ဒီအလုပ်ရဲ့ အဓိ-က အားသာချက်တွေကတော့ 🌟

🍓 လှပတဲ့ Fruit Cut နည်းပညာနဲ့ Dessert ပြင်ဆင်နည်းကို သင်ယူခွင့် 👉 ရာသီပေါ်သစ်သီးတွေကို လှပအောင်လှီးဖြတ်နည်း၊ Parfait တွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်နည်းတွေကို သင်ယူနိုင်မှာဖြစ်လို့ အိမ်မှာ ကလေးတွေအတွက်ဖြစ်ဖြစ်၊ မိသားစုအတွက်ဖြစ်ဖြစ် ပြန်လုပ်ပေးနိုင်မှာပါ။

✨ Umeda ကုန်တိုက်ကြီးထဲက အလွန်လှပတဲ့ Cafe မှာ အလုပ်လုပ်ခွင့် 👉 အတွင်းပိုင်းဒီဇိုင်းကို အထူးဂရုစိုက်ပြင်ဆင်ထားတဲ့၊ သပ်ရပ်လှပတဲ့ Cafe မှာ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

🛍️ ဝန်ထမ်း食堂သုံးနိုင်၊ ကုန်တိုက်မှာ 10-30% Discount ရ 👉 ဈေးနှုန်းသက်သာတဲ့ ဝန်ထမ်း食堂ကို အသုံးပြုနိုင်ပြီး Hanshin ကုန်တိုက်မှာ ဈေးဝယ်ရင်လည်း ဝန်ထမ်းအထူး Discount တွေ ရရှိမှာပါ။

📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 လျှောက်လွှာတွေပြင်ဆင်ရတဲ့ အလုပ်မရှုပ်ဘဲ လူကိုယ်တိုင်လာရောက်စကားပြောရုံနဲ့ အဆင်ပြေပါတယ်။


ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်