💼 Full-time Soba ဆိုင်ဝန်ထမ်း | စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်များ ပိတ်!
📋 ဘာအလုပ်တွေလုပ်ရမလဲ?
Soba နှင့် Tempura များကို ချက်ပြုတ်ပြင်ဆင်ခြင်း
ဟင်းမချက်ခင် ပြင်ဆင်ခြင်း (仕込み)
Counter တွင် Customer များကို ဝန်ဆောင်မှုပေးခြင်း
📌 အသေးစိတ်အချက်အလက်
လစာ (Salary): လစဉ် လစာ (月給) ¥221,000 ~ ¥250,000 + တစ်နှစ် ၂ ကြိမ် Bonus
အလုပ်ချိန် (Working Hours): 6:00~20:00 ကြား (Shift制)
နေရာ (Location): 小諸そば 鎌倉橋店 (Komoro Soba, Kamakurabashi Branch)
(JR Kanda Station ကနေ လမ်းလျှောက် ၆ မိနစ်)
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🗓️ Work-Life Balance အထူးကောင်းမွန်! 👉 စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်များမှာ ပုံမှန်နားရက်ရပြီး Overtime လုံးဝနီးပါးမရှိတာကြောင့် အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှမျှတတဖြစ်စေပါတယ်။
✨ Ticket Machine ကြောင့် Order ကောက်စရာမလို၊ အလုပ်အရမ်း Simple! 👉 Customer တွေက Ticket စက်နဲ့ မှာယူမှာဖြစ်လို့ Order မှားမှာ၊ Menu မှတ်ရမှာတွေ စိတ်ပူစရာမလိုပါဘူး။
👍 အတွေ့အကြုံမလို၊ ၆ လတာ OJT Training အပြည့်အဝ 👉 အလုပ်မစခင် ၆ လအထိ စီနီယာတွေက အနီးကပ်လိုက်ပြီး သေချာသင်ကြားပေးမှာဖြစ်လို့ အတွေ့အကြုံမရှိသူတွေလည်း စိတ်ချလက်ချ လျှောက်ထားနိုင်ပါတယ်။
💰 တစ်နှစ် နှစ်ကြိမ် Bonus ရရှိမည် 👉 Full-time ဝန်ထမ်းဖြစ်တာကြောင့် ပုံမှန်လစာအပြင် တစ်နှစ်ကို Bonus နှစ်ကြိမ်ပါ ရရှိမှာဖြစ်ပါတယ်။
📈 ကြိုးစားမှုနဲ့အတူ လစာတိုးမယ့် Skill Test အစီအစဉ်
ဒီအလုပ်မှာ သင်ရဲ့ ကြိုးစားမှုနဲ့ တတ်မြောက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လစာတိုးပေးတဲ့ Skill Test အစီအစဉ်ရှိပါတယ်။
(Soba ကို လှလှပပပြင်ဆင်ခြင်း၊ Tempura ကို ကြွပ်ကြွပ်ရွရွကြော်ခြင်း စတဲ့ လေ့ကျင့်ရင် ဘယ်သူမဆိုတတ်မြောက်နိုင်တဲ့ Skill တွေပါ)
初段 (Level 1) အောင်မြင်ပါက: လစာ +¥15,000/လ
2段 (Level 2) အောင်မြင်ပါက: လစာ +¥28,000/လ
3段 (Level 3) အောင်မြင်ပါက: လစာ +¥40,000/လ
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်