Ameba Ownd

アプリで簡単、無料ホームページ作成

Baito Box

🐟 Tokyo Station မှာ Seafood ဆိုင် | နေ့လည်စာ FREE! | နေ့စားထုတ်နိုင်! (日払いOK) | တစ်နာရီ ¥1,300~

2025.11.18 03:50

Tokyo Station နဲ့ တိုက်ရိုက်ဆက်နေတဲ့ "Tokyo Ichibangai Gourmet Zon" ထဲက ပျော်စရာကောင်းတဲ့ Seafood Izakaya 'Tokyo Kotobuki' မှာ အတူတူအလုပ်လုပ်ဖို့ မီးဖိုချောင်ဝန်ထမ်း တွေခေါ်နေပါတယ်။ 

📋 ဘာအလုပ်တွေလုပ်ရမလဲ? (Kitchen Staff)

အစပိုင်းမှာ လွယ်ကူတဲ့အလုပ်တွေကနေ စတင်ရမှာဖြစ်ပြီး ကျွမ်းကျင်လာတဲ့အခါ ချက်ပြုတ်ခြင်းတွေကိုပါ လုပ်ကိုင်ရမှာပါ။

ပန်းကန်ပြင်ဆင်ခြင်း (盛り付け)

ဟင်းမချက်ခင် ပြင်ဆင်ခြင်း (仕込み)

ပန်းကန်ဆေးခြင်း (洗い場)


📌 အသေးစိတ်အချက်အလက်

လစာ (Salary):

အတွေ့အကြုံမရှိသူ: တစ်နာရီ ¥1,300

အတွေ့အကြုံရှိသူ (調理人): တစ်နာရီ ¥1,400 ကနေစတင်ပါမည်။

အလုပ်ချိန် (Working Hours): 9:30~23:30 ကြား (Shift ညှိနှိုင်းနိုင်သည်)

နေရာ (Location): 東京コトブキ (Tokyo Kotobuki) @ Tokyo Station Ichibangai Gourmet Zon

Access: 東京駅 (Tokyo Station) / 大手町駅 (Otemachi Station) တို့မှ လမ်းလျှောက် ၁ မိနစ်

ခရီးစရိတ် (Transportation): စည်းမျဉ်းအတိုင်း ပေးပါသည်။


🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟

😋 အရသာရှိတဲ့ နေ့လည်စာ (まかない) FREE! 👉 (၆ နာရီအထက် အလုပ်လုပ်ပါက အခမဲ့! / ၆ နာရီအောက်ဆိုလျှင် ¥250 ဖြင့် စားသုံးနိုင်သည်)။

💸 နေ့စားလစာထုတ်နိုင်! (日払いOK!) 👉 "အခုလ ပိုက်ဆံအရေးပေါ်လိုနေတယ်" ဆိုရင်တောင် အဆင်ပြေအောင် လစာကို ကြိုတင်ထုတ်ယူနိုင်ပါတယ်။

🚆 Tokyo Station နဲ့ တိုက်ရိုက်ဆက်! (駅直結) 👉 သွားရေးလာရေး အလွန်လွယ်ကူပြီး အလုပ်ပြီးရင် ဈေးဝယ်လို့လည်း အဆင်ပြေပါတယ်။

👍 အတွေ့အကြုံလုံးဝမလို! (未経験OK) 👉အစကနေ သေချာသင်ပေးမှာဖြစ်လို့ စိတ်မပူပါနဲ့။ Short-term (အချိန်တို) အစမ်းလုပ်ကြည့်တာလည်း OK!

✨ Style လွတ်လပ်! (髪色自由) 👉 ဆံပင်အရောင် လွတ်လပ်စွာထားနိုင်ပါတယ်။

🤝 သူငယ်ချင်းမိတ်ဆက် Bonus ¥10,000! 👉 သူငယ်ချင်းနဲ့အတူတူ အလုပ်ဝင်ပြီး Bonus ရယူနိုင်ပါတယ်။

🎉 အထူးအခွင့်အရေးများ! 👉 Menu အသစ် စမ်းသပ်မြည်းစမ်းခွင့် (試食会)၊ Group ဆိုင်ခွဲတွေမှာ 30% Discount စတာတွေ အများကြီးရှိပါတယ်။

ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်