Ameba Ownd

アプリで簡単、無料ホームページ作成

Baito Box

🛍️ DAISO (Nakano) မှာ အချိန်ပိုင်းအလုပ် | တစ်နာရီ ¥1,245~ | ညနေပိုင်း Shift | CV မလို! 🛍️

2025.11.22 14:11

Nakano Station ကနေ ၆ မိနစ် လမ်းလျှောက်ရတဲ့ DAISO ဆိုင်ကြီးမှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။ ပစ္စည်းအများစုက ယန်း ၁၀၀ တန်တွေဖြစ်လို့ ဈေးနှုန်းမှတ်ရတာ လွယ်ကူပြီး၊ ငွေရှင်းစက်ကလည်း အော်တိုဖြစ်လို့ အချိန်ပိုင်းအလုပ် စလုပ်မယ့်သူတွေအတွက် အကောင်းဆုံးပါပဲ။


📋 ဘာအလုပ်တွေလုပ်ရမလဲ?

ပစ္စည်းစီခြင်း (品出し): ကုန်ပစ္စည်းတွေကို စင်ပေါ်တင်ခြင်း (နေရာရှာရလွယ်ပါတယ်)

ငွေရှင်းခြင်း (レジ): ငွေရှင်းကောင်တာ တာဝန်ယူခြင်း (စက်က အော်တိုမို့ အရမ်းလွယ်ပါတယ်)

Customer ကူညီခြင်း: ပစ္စည်းရှာပေးခြင်း


⏰ အလိုရှိနေသော Shift များ

ညနေပိုင်းအချိန်များကို အထူးဦးစားပေးပါမည်!

17:00~22:00

18:00~22:00 (ကျောင်းဆင်းချိန်၊ အလုပ်ဆင်းချိန် ဝင်ငွေရှာချင်သူများအတွက် အထူးသင့်တော်)


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,245 ~ ¥1,300

အလုပ်ချိန် (Working Hours): 10:00~22:00 ကြား (တစ်ပတ် အနည်းဆုံး ၁ ရက်၊ တစ်နေ့ အနည်းဆုံး ၃ နာရီ)

နေရာ (Location): ダイソー中野早稲田通店 (DAISO Nakano Waseda-dori Branch)

Access: 中野駅 (Nakano Station) ကနေ လမ်းလျှောက် ၆ မိနစ်

ခရီးစရိတ် (Transportation): တစ်စိတ်တစ်ပိုင်း ပေးပါသည်။


🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟

👍 အလုပ်အရမ်း Simple! 👉 ပစ္စည်းအများစုက ယန်း ၁၀၀ တန်တွေဖြစ်လို့ ဈေးနှုန်းတွက်စရာမလိုသလို၊ Auto-change machine (自動釣銭機) ဖြစ်လို့ ပိုက်ဆံအမ်းရတာလည်း စက်က အလိုအလျောက်လုပ်ပေးပါတယ်။

📱 ပစ္စည်းစီရတာ လွယ်ကူ! 👉 "ဒီပစ္စည်း ဘယ်နားထားရမလဲ" မသိရင် App နဲ့ ရှာလိုက်ရုံပဲမို့လို့ စိတ်ပူစရာမလိုပါဘူး။

💰 လစာကောင်း! တစ်နာရီ ¥1,245~ 👉 အလုပ်လွယ်ကူပေမယ့် လစာကောင်းကောင်း ရရှိမှာပါ။

🗓️ Shift Flexible ဖြစ်တယ်! 👉 တစ်ပတ်ကို ၁ ရက်၊ တစ်နေ့ကို ၃ နာရီကနေစပြီး OK! အထူးသဖြင့် ကျောင်းဆင်းချိန် ညနေပိုင်းလုပ်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 လျှောက်ထားရတာ အရမ်းလွယ်ကူပါတယ်။

👔 Aoyama Group Discount! 👉 ဝန်ထမ်းအထူးအခွင့်အရေးအနေနဲ့ Aoyama မှာ Suit တွေ၊ အဝတ်အစားတွေကို ဈေးလျှော့ဝယ်လို့ရပါတယ်။

ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်